ရန်ကုန် – ကျုံမငေး ပြေးဆွဲသော ယာဉ်တစ်စီးတိမ်းမှောက်၍ ခရီးသည် ၁၀ ဦးခန့် ဒဏ်ရာရ

ရန်ကုန် – ကျုံမငေး ပြေးဆွဲသော ယာဉ်တစ်စီးတိမ်းမှောက်၍ ခရီးသည် ၁၀ ဦးခန့် ဒဏ်ရာရ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ တုံလှဲချောင်းကျေးရွာအနီးတွင် ရန်ကုန် – ကျုံမငေး ခရီးသည်တင်ယာဉ်တစ်စီး မှာ ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက်က တိမ်းမှောက်သောကြောင့် လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “မနက်က ၈ နာရီလောက်မှာ ဖြစ်တာ၊ ဒဏ်ရာရတဲ့သူတွေကို လူမှုကူညီရေးအသင်းတွေက ကားတွေနဲ့ ဝါးခယ်မဆေးရုံကို ပို့ပေးလိုက်ကြတယ်။ဆိုးဆိုးရွားရွား ဒဏ်ရာ ရသူတွေကတော့ နည်းတယ်လို့ သိရတယ်”ဟု ဒေသခံ တစ်ဦးကပြောသည်။ ယာဉ် တိမ်းမှောက်ရခြင်းမှာ ဘရိတ်ပေါက်၍ အရှိန်ထိန်းမရသောကြောင့် ဖြစ်နိုင်ခြေ ရှိသည်ဟုဆိုသော်လည်း ဖြစ်စဉ်ကို တိတိကျကျ မသိရသေးပေ။   ရန္ကုန္ … Continue reading ရန်ကုန် – ကျုံမငေး ပြေးဆွဲသော ယာဉ်တစ်စီးတိမ်းမှောက်၍ ခရီးသည် ၁၀ ဦးခန့် ဒဏ်ရာရ